ရွှေဘို- ကျောက်မြောင်းကားလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦး သေဆုံးတယ်လို့ မြေလတ်အသံ မှ သတင်းအမှားရေး

ရေဘိုမြိုနယ်၊ ရွှေဘို – ကျောက်မြောင်းလမ်းမှာ ဇွန်လ ၁၀ ရက် မနက် က ကင်းပုန်းဝပ်ဖို ခြေလျင်စစ်ကြောင်း ထွက်လာတဲ့ အင်အား ၅၀ ခန့် ရှိ တပ်မတော်စစ်ကြောင်းကို နေရာ ၅ ခုကနေ စမ်းသပ်တင့်ကား ဖျက်မိုင်း ၆ လုံးအပါတိုက်ခိုက်ခံရလို လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေကာ ၈ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၁၀ ရက်နေ့၌ ရွှေဘိုမြိုနယ်၊ ရွှေဘို – ကျောက်မြောင်း အများပြည်သူသွားကားလမ်းတွင် PDF တွေက လူမဆန်စွာ လက်လုပ်မိုင်းများ ထောင်ထားသောကြောင့် လုံခြုံရေးတပ်ဖွဲဝင်များမှ သွားရောက်ဖော်ထုတ်ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်း ၇ လုံး တူးဖော်ရရှိသွားကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။ မြေလတ်အသံ မှ အမှန်မရေးဘဲ စစ်သားများကို မိုင်းခွဲတိုက်ခိုက်တယ်ဆိုပြီး အရှက်မရှိ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။