(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ဒီဇင်ဘာ ၁၄ရက်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်
(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက်
သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ၄၆၅ ဦးတို့မှ ဇီဝိတဒါနစုပေါင်း သွေးလှူဒါန်းခြင်းကို သန်လျင်တပ်နယ်ရှိ
နယ်မြေခံတပ်မတော်ဆေးရုံ၌ စုပေါင်း သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊
စုပေါင်းသွေး လှူဒါန်းမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြပြီး တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက
သွေးလှူဒါန်းသူများအား အားဆေးများ၊ ကြက်ဥ နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။