အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ပီရူးနိုင်ငံက နိုင်ငံ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

ပီရူးနိုင်ငံ၏ ဒေသများတွင် အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သဖြင့် ရက်ပေါင်း ၃၀ ကြာမြင့်သည့် နိုင်ငံ့အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ကြောင်း ပီရူးကာကွယ်ရေးဝန်ကြီး Alberto Otarola က ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံ၏ အဝေးပြေးလမ်းမများနှင့် လမ်းများပေါ်တွင် ဖျက်ဆီးမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် အမျိုးသားရဲတပ်ဖွဲ့မှ ထိန်းချုပ်မှုများ ပြုလုပ်နိုင်စေရန်အတွက် နိုင်ငံအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု Alberto Otarola က ပြောကြားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် လူပေါင်း ၇ ဦး သေဆုံးခဲ့သဖြင့် အစိုးရအဖွဲ့အနေဖြင့် တရာဥပဒေစိုးမိုးရေး လုပ်ငန်းများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရန် လိုအပ်ကြောင်း Alberto Otarola က ထပ်လောင်းပြောကြားခဲ့ပါတယ်။

နိုင်ငံ့အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာမခံချက်များဖြစ်သည့် ပြည်သူလူထုများ စုဝေးခွင့်နှင့် လွတ်လပ်စွာ သွားလာမှု အခွင့်အရေးများကို ဆိုင်းငံ့ထားသည်ဟု သိရှိရပါသည်။

Ref: Xinhua