မတန်တာကို မတန်သလို ဉပေက္ခာပြုတာဟာ ကြောက်ရွံ့ခြင်းမဟုတ်ပါဘူး

ဘဝမှာ မတန်တာတွေရှိတယ်။ ရန်ဖြစ်ဖို့ မတန်တာတွေ။ ရှင်းပြဖို့ မတန်တာတွေ။
ပြုံးပြဖို့ မတန်တာတွေ။ ပေးဆပ်ဖို့ မတန်တာတွေ။ အများကြီးဆို အများကြီးရှိတယ်…
တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက် တန်၊ မတန် စဉ်းစားဖို့လိုပါတယ်တဲ့
အခုနောက်ပိုင်း ကိုယ့်အတွက်မတန်တဲ့အရာတွေအတွက် အဖက်လုပ်နေဖို့ရော၊ အချိန်ပေးဖို့ရော၊
နေရာပေးဖို့ရော၊ ခံစားနေဖို့ရော မတန်တာမို့ မတန်တဲ့အရာတော်တော်များများကို
ဥပေက္ခာပဲ ပြုထားလိုက်သင့်ပါတယ်။
♦️အဲ့တာကြောင့် ရန်လာလုပ်သူတွေကို ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
♦️ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက် ခံစားနေဖို့လည်း မတန်တာမို့
ဥပေက္ခာပြုတတ်လာတယ်။
မတန်ပါဘူး။ တကယ်ကို မတန်တာပါ။
♦️မတန်တာကိုမှ မာန်ကိုချ ဟန်ပြ ဆက်ဆံနေမည့်အစား၊ နှလုံးသားမှာ အမုန်းမပွားမီ
ဥပေက္ခာတရားဆီသို့ ဦးတည်ထားလိုက်ပါတော့တယ်။
♦️မစင်ကိုကြောက်လို့ရှောင်ရတာမဟုတ်ဘဲ ရွံလို့ရှောင်ရတာပါ။
♦️မတန်တဲ့အရာတစ်ခုအတွက် စိတ်နှလုံးညစ်နွမ်းစေမယ့်အစား ရှောင်ဖယ် ဉပေက္ခာပြု
လိုက်တာဟာ အေးချမ်းပါတယ်။
♦️သူတုံ့ပြန်သလို၊ ကိုယ်တုံ့ပြန်ဖို့မလိုပါဘူး။
♦️အချိန်တန်ရင် အချိန်ကပဲ အရာရာစကားပြောသွားပါလိမ့်မယ်။ အချိန်က သက်သေ
ပြသွားပါလိမ့်မယ်။