သရုပ်ဆောင် “ကေကေမိုးမြင့်” ကင်ဆာရောဂါ ဖြင့် ကွယ်လွန်

သရုပ်ဆောင် ကေကေမိုးမြင့် သည် ဖေဖော်ဝါရီလ ၇ ရက် ည ၉ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမရဲ့ မိတ်ဆွေသူငယ်ချင်းအသိုင်းအဝိုင်းမှ သိရပါတယ်။သရုပ်ဆောင် ကေကေမိုးမြင့်ကို အနုပညာအသိုင်းအဝိုင်းမှာတော့ သရုပ်ဆောင် အဆိုတော်တစ်ဦးအဖြစ်နဲ့ ပရိသတ်အားပေးမှုရရှိနေသူ လည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ကေကေမိုးမြင့်သည် မြန်မာဗီဒီယိုဇာတ်ကားအများအပြား ရိုက်ကူးခဲ့ပြီး ခေါင်းဆောင်မင်းသမီးနေရာအပါအဝင် ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လို့လည်း ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူမကွယ်လွန်ချိန်မှာတော့ အသက် ၃၉ နှစ် ရှိပြီလို့လည်း သူမရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက ပြောပါတယ်။

သူမသည် ကင်ဆာဝေဒနာ ကို ၄နှစ်ကျော်ခံစားနေရသူလည်းဖြစ်ပြီး လက်ရှိမှာ သူမကွယ်လွန်သွားတဲ့အတွက် အနုပညာရှင်အသိုင်းအဝိုင်းကတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်လို့လည်းသိရပါတယ်။