စစ်ကိုင်းတိုင်းပို့မည့် လက်နက်/ခဲယမ်းနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

NUG လက်အောက်ခံ မန္တလေး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် No-More Dictatorship အမည်ခံ အကြမ်းဖက်အဖွဲ့ များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့် လက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အတွင်း ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် မန္တလေးမြို့သို့ သယ်ဆောင်လျက်ရှိကြောင်း သတင်းပေးပို့လာခဲ့ပါတယ်။

သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းတွင် အောင်မြေသာစံ မြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ x ၂၂ လမ်းကြား၌ သီတာစိုး(ခ)မစိုး နှင့် တိုးညွန့် တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၀၀ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် တရားခံ ကျား ၁ ဦး၊ မ ၂ ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ တောင့်တို့အား ဖမ်းဆီးရမိ ခဲ့သည်။