ကော့ကရိတ်မြို့အတွင်း‌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်ဂိတ်များသို့ ဒရုန်းများဖြင့် တိုက်ခိုက်

အောက်တိုဘာ ၂၆ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ခင်နိမ်းမူဂိတ်နှင့် (၁၆) ဂိတ်သို့
KKO (ခွဲထွက်) အဖွဲ့၏ ဒရုန်း ၂ စီးပျံသန်းရောက်ရှိလာပြီး
bomb ကြဲချခဲ့ရာ ခင်နိမ်းမူဂိတ်တောင်ဘက်သို့ ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်…
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် နေပူခံကုန်းသို့
KKO (ခွဲထွက်) အဖွဲ့၏ UAV ၁ စီး ပျံသန်းရောက်ရှိလာတဲ့အတွက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ချဖျက်ဆီးခဲ့ရာ
ဒရုန်း ၂ စီး၊ UAV ၁ စီး သိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၁ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ဟု သိရှိရပါတယ်…