ဇန်နဝါရီလ ၁ ရက်နေ့ တိုက်ပွဲသတင်းများ

-ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင်မြို့ ဂျပန်လမ်းဆုံနှင့် ဆလအစု(၉၇၆) သို့ MNDAA သောင်းကျန်းသူ ၅၀ ဦးခန့်က ၁ ကြိမ်၊ ၁၀၀ ဦးခန့်က ၁ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။လောက်ကိုင်မြို့အဝင်နေရာများရှိ MNDAA အဖွဲ့များအား ရှင်းလင်းတိုက်ခိုက်လျက်ရှိပြီး ဒကစ(လောက်ကိုင်) ဌာနချုပ်အား အဝေးမှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါသည်။

-ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ တင်းမစခန်းသို့ AA သောင်းကျန်းသူ ၃၅၀ ဦးခန့်က Drone ၃ စီးဖြင့် Bomb ၁၅ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ ဘုရားကုန်းသို့ AA သောင်းကျန်းသူ ၆ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

-စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာ ပြည်သူ့စစ်စခန်းသို့ PDF ၅၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။