ဝက်မွေးမြူရေးနှင့် ရောဂါကာကွယ်ခြင်းနည်းလမ်းများ

လူနေအိမ်နှင့်ဝေးသောနေရာ ဖြစ်ရမည်။

-လေဝင်လေထွက် ကောင်းမွန်ရမည်။
-ရောဂါကာကွယ်ထိန်းချုပ်မှု လွယ်ကူရမည်။
-မစင်အညစ်အကြေး စွန့်ထုတ်မှုအတွက် ရေစီးဆင်းမှုကောင်းမွန်ရမည်။
-ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရန် စီမံနိုင်ရမည်။
-လုပ်သားအင်အားအနည်းဆုံးဖြင့် ကျွေးမွေးစောင့်ရှောက်နိုင်သည့် အနေအထားဖြစ်ရမည်။
အစာကျွေးမွေးခြင်း
-ဝက်စာသည် အသားထုတ်လုပ်မှု ကုန်ကျစရိတ်၏ ၆၅%ရှိသဖြင့် အစာကို အလေအလွင့်မရှိအောင် ကျွေးမွေးရမည်။

-အရည်အသွေးပြည့်အစာကို ကျွေးမွေးခြင်းဖြင့် မျိုးရိုးဗီဇကောင်းမွန်မှုကို ထိန်းနိုင်သည်။ အရွယ်ညီသောဝက်များ ရရှိနိုင်မည်။

ဝက်စာတွင်လိုအပ်သော အာဟာရပါဝင်မှု

ဒေသထွက်ဝက်စာအမယ်များဖြင့် အာဟာရပြည့်ဝသော စပ်စာအချိုးအစားပုံစံ(ပိဿာ)

ပြုစုစောင့်ရှောက်ခြင်း
(က) ဝက်သိုးရွေးချယ်ခြင်းနှင့်ပြုစုစောင့်ရှောက်ခြင်း
-ခြေလက်ကြွက်သားကြံ့ခိုင်တောင်းတင်း၍ အထီးမျိုးပွားအင်္ဂါ အရွယ်တူညီပြီး ဖွံဖြိုးမှုရှိရမယ်။
-မျိုးရိုးဗီဇဆက်ခံမှုမြင့်မားရန် ဝက်သိုးခန္ဓာကိုယ်၏ အလျားနှင့်အမြင့် အရေးကြီးပါသည်။
-ဝက်သိုးကောင်းတစ်ကောင်သည် သားပေါက်ကောင်ရေ(၁၀)ကောင်အထက်နှင့် သားခွဲကောင်ရေ(၈)ကောင် အထက်ရရှိနိုင်ရမည်။
-ဝက်သိုးတွင် နို့တိုင် ၁၂ တိုင်နှင့် အထက်ရှိပြီး အကွာအဝေး ညီတူရှိရမည်။
-အသက်(၈)လ – (၉)လ ဝက်သိုးကို(၁)လတွင် (၂)ကြိမ် သားစပ်သင့်ပြီး (၁)နှစ်အထက်မှ (၆)နှစ်ထိ တစ်ပတ်(၃)ကြိမ် သားစပ်နိုင်သည်။
-သားစပ်ပြီးတိုင်း အာဟာရပြည့်ဝသည့် အစာများကျွေးမွေးရမည်။
-ဝက်သိုးတစ်ကောင် တစ်နေ့အစာလိုအပ်ချက်မှာ (၁)ပိဿာခွဲခန့်ဖြစ်သည်။
-အစာစိမ်းအဖြစ် အာတာလွတ်အရွက်၊ ပါရာမြက်ချို၊ ငှက်ပျောအူ၊ ဗေဒါနှင့် ဂေါ်ဖီရွက် စသည်များ ကျွေးမွေးနိုင်သည်။

(ခ) မျိုးဝက်မရွေးချယ်ခြင်း
-မျိုးဝက်မသည် နို့တိုင်အရေအတွက် အနည်းဆုံး (၁၂) တိုင်ရှိပြီး အကွာအဝေးတူညီရမည်။
-သားပေါက်နှုန်း (၁၀)ကောင်မှ (၁၂)ကောင်ရှိပြီး သားပေါက်အရွယ်တူညီရမည်။
-သားထိန်းကောင်းမွန်ရမည်။

(ဂ) သားစပ်ခြင်းနှင့်မီးမဖွားမီ ပြုစုစောင့်ရှောက်ခြင်း
-ဝက်မဒန်းအသက်(၇)လမှ (၈)လအရွယ်တွင် မြိုင်စတင်ပေါ်နိုင်ပြီး ဒုတိယမြိုင်တွင် စတင်သားစပ်သင့်သည်။
-သားမပေါက်မီ တစ်ပတ်အလိုတွင် သားပေါက်ခန်းသို့ ရွှေ့ပြောင်းရမည်။ ကောက်ရိုး၊ မြက်ခြောက်ထည့်ပေးရမည်။
-သားမပေါက်မီ (၃)ရက်အလိုတွင် အစာကိုစားနေကျ ပမာဏထက်လျှော့ကျွေးရမည်။
-ဝက်မ၏ ဇီးကာလမှာ (၁၁၃-၁၁၅) ရက်ဖြစ်သည်။
-ဝက်ကလေးများမွေးပြီးရန် စုစုပေါင်း(၁)နာရီမှ (၁၂)နာရီထိ ကြာနိုင်သည်။
-နောက်ဆုံးဝက်ကလေးမွေးပြီးသည့်အချိန်တွင် အချင်းကျမကျ စစ်ဆေးရမည်။
-တစ်နှစ်(၂)သားအထက် ရရှိစေရန် ဝက်မကြီး သားခွဲပြီး(၅)ရက်အကြာတွင် မြိုင်ပေါ်လျှင်ပေါ်ခြင်း သားပြန်စပ်သင့်သည်။

(ဃ) ဝက်ကလေးထိန်းသိမ်းစောင့်ရှောက်ခြင်း
-မွေးဖွားပြီးသည့် ဝက်ကလေး၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့တွင် ကပ်ညှိနေသော အရိအရွဲများကို သန့်ရှင်းခြောက်သွေ့သည့်အဝတ်ဖြင့် ဖယ်ရှားပေးရမည်။
-ဝက်မကြီးရှိ နို့သီးအရေအတွက်ထက် ဝက်ကလေးကောင်ရေ မိုမွေးပါက အသေးဆုံးအကောင်အား ဖယ်ထုတ်ရမည်။ (သို့) နို့ဗူးတိုက်မွေးမြူရမည်။
-ဝက်မကြီးဖိမိခြင်းကြောင့် သေဆုံးမှုမရှိစေရန် ကြိုတင်စီမံရမည်။
-ဝက်ပေါက်ကလေးများကို ခြောက်သွေ့သန့်ရှင်းသောနေရာတွင် ထားရှိရမည်။
-ဝက်လေးများ(၂)ပတ်သားအရွယ်မှစ၍ ဝက်ကလေးသီးသန့်စာ ကျွေးမွေးရမည်။
-ဝက်ကလေးများ သွေးအားနည်းရောဂါမဖြစ်စေရန် သံဓာတ်ပါသော ဆေးထိုးပေးရမည်။ (သို့) တိုက်ကျွေးရမည်။
-ကျွေးမွေးစောင့်ရှောက်မှု အာဟာရပြည့်ဝမှု အနေအထားအရ (၄)ပတ်မှ (၆) ပတ်သားအရွယ်တွင် သားခွဲနိုင်သည်။

ကူးစက်ရောဂါကာကွယ်ခြင်း