မတ်လ ၈ ရက်နေ့ အားကစားသတင်းများ

ယနေ့မနက် အစောပိုင်း ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက စတားလင်း၊ ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ရလဒ်ရယူ နိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပါတယ်။

ဒါ့အပြင် ပထမအကျော့တုန်းက ကလပ် ဘရုဂျ်ကို ၂ ဂိုးပြတ် အနိုင်ရရှိထားတဲ့ ဘင်ဖီကာ အသင်းကလည်း ယခုအကျော့မှာ ၅-၁ နဲ့ ထပ်မံအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၇-၁ နဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ ပေါ်တာကတော့ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဟာဗက်ဇ်ရဲ့ ပင်နယ်တီကို မကြည့်ဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းက စိတ်လှုပ်ရှားနေခဲ့လို့ဖြစ်တယ်ဆိုပြီး ပွဲအပြီး ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

အေစီမီလန် အသင်းနည်းပြ ပီအိုလီကတော့ ယခုတစ်ခေါက် စပါးနဲ့ ကစားရမယ့်ပွဲမှာ နောက်တန်း ကစားသမားတွေကို အမှားအယွင်းမပြုလုပ်ကြဖို့ ကြိုတင် သတိပေးသွားခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ နည်းပြ ဘီလစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ရှက်ဖီးလ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်သု့ိ ပို့ဆောင်ပေးခဲ့ဖူးတဲ့ ဝိုင်ဒါကို နည်းပြအဖြစ် အစားထိုး ပြန်လည် ခန့်အပ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း ဥက္ကဌ လာပေါ်တာကတော့ နည်းပြ ဇာဗီနဲ့ ကွင်းလယ်ကစားသမား ဘက်စကွတ်တို့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့် ကွင်းလယ်လူ ဘာလင်ဟမ်ဟာ အသက် ၁၆ နှစ်အရွယ် ဘာမင်ဂမ်အသင်းမှာ ကစားခဲ့စဉ်တုန်းက မန်ယူအသင်းနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖု့ိ အသင်းဘက်က ခွင့်ပြု စီစဉ်ပေးခဲ့ပေမယ့် ၎င်းကိုယ်တိုင်က ငြင်းဆန်ခဲ့ဖူးကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်း တောင်ပံကစားသမားလေး ဂနာချိုကတော့ လီဗာပူးလ်ကို အရှက်တကွဲ အရေးနိမ့်ခဲ့မှုနဲ့ ပတ်သက်ပြီး ထပ်မံတောင်းပန်သွားခဲ့ပါတယ်။

Credit