သရက်ချောင်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၂၂ ဦး သေဆုံးတဲ့ သတင်းအမှား

မတ်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြိုနယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တပ်မတော် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၃ ရက်နေ့မှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တပ်မတော် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း လူ/ယာဉ် ထိခိုက်ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit Media မှ ဖြစ်စဉ်အမှန်မရေးသားဘဲ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်မတော် တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရတယ်ဆိုပြီး စိတ်ကူးပုံဖော်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm