အကြမ်းဖက်သမားများ လမ်းပေါ်သို့ ဗုံးပစ်ချမှုကြောင့် ပြည်သူ နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက်သမားများ လမ်းပေါ်သို့ ဗုံးပစ်ချမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူ နှစ်ဦးဒဏ်ရာရ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် မြို့မရဲစခန်းအနောက်မြောက်ဘက် ကိုက် ၁၀၀ ခန်အကွာတွင် စီစစ်ဆဲ ခွေးဘီလူးကားပေါ်မှ လက်လုပ်မိုင်း (၃)လုံး ပစ်ချခဲ့ခြင်းကြောင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မောင်းနှင်းနေသည့် စဉ့်ကိုင်မြို့ မြို့သစ်ရပ်ကွက်တွင်နေထိုင်သော ဦးသီဟအောင် ၃၄ နှစ် မစိုးရိမ်ရဒဏ်ရာရ၊ ဇနီးဖြစ်သူ မနန်းစိုးစိုးခိုင် ၄၂ နှစ် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများကို စဉ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် မန္တလေးပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

PAN