မြင်းခြံတွင် ကျန်းမာရေးဝန်ထမ်းကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ငါ့နန်းကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ပီဒီအက်(ဖ်)အကြမ်းဖက်များက ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။
မြင်းခြံမြို၊ ဆီမီးခုံတိုက်နယ်ဆေးရုံ၊ ငါ့နန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးကြီးကြပ် (၁) ဦးအောင်ဆွေသည် ကျေးလက်ကျန်းမာရေးဌာနတွင် ဇနီးဖြစ်သူ သားဖွားဆရာမနှင့် အတူရှိနေစဉ်ပီဒီအက်(ဖ်) အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆေးဝယ်ချင် သည်ဟုပြောသဖြင့် ဦးအောင်ဆွေက “ဘာဆေးလဲ” ဟုမေးစဉ် အဆိုပါ အကြမ်းဖက်သမားနှစ်ဦးက သေနတ်များဖြင့်ပစ်ခတ်ခဲ့ရာ ဦးအောင်ဆွေသည် ကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။