ယုတ်မာလွန်းလှတဲ့ PDF တို့ရဲ့လုပ်ရပ်

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုတိုက်နယ် နှော်ကျေးရွာတွင် အကြမ်းဖက် PDF များက သူတို့ရဲ့ ရံပုံငွေအတွက် ပိုက်ဆံကောက်ခံဖို့ အစည်းအဝေးလုပ်နေစဉ် စကားပြောရယ်မော သည်ဟု အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦး (ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး) အပါအဝင်အား ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်များက လူမဆန်စွာ ရိုက်နှက်ခဲ့တာကြောင့် အမျိုးသမီးဖြစ်သူများမှာ ဆေးခန်းပြဖို့ဝေးစွ လမ်းတောင် မလျှောက်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ်တာကို PDF တွေက အခြားသူတွေ လုမှုစာမျက်နှာများတွင် မတင်ဖို့နဲ့ တင်ပါ/ပြောပါကလည်း သတ်မယ်လို့ပါ ခြိမ်းခြောက်ပြောဆိုခဲ့သေးပါတယ်။ ဆေးခန်းပြသခွင့်ရတဲ့ အချိန်စစ်ဆေးကြည့်တဲ့အခါမှ အမျိုးသမီးခန္ဓာကိုယ်အထဲက သန္ဓေသားလေးကိုပါ ထိခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။ အကြမ်းဖက် PDF တွေအနေနဲ့ ပြည်သူကိုကာကွယ်မယ်၊ တပ်မတော်ကို တော်လှန်မယ်ဆိုပြီး လက်နက်ကိုင်ကြတယ်ဆိုပြီး လက်တွေ့မှာတော့ ပြောစကားနဲ့ လုပ်ရပ်က ကွာခြားလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒီလို ယုတ်မာလွန်တဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့ သူတို့ အဖွဲ့တွေအနေနဲ့ ဒီလို လုပ်နေရတာကိုက တော်လှန်ရေးထင်ပြီး အဟုတ်ကြီး ထင်နေလေရဲ့။ PDF တွေအနေနဲ့ ဒီမိုကရေစီလို့ လူကြားကောင်းအောင် နာမည်တပ်ပြီး ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများကို လုပ်ဆောင်လာနေတယ်လို့ နစ်နာခဲ့ရတဲ့ ပြည်သူများထံက သိရှိရပါတယ်။

အကြမ်းဖက်သမားတွေကို ချေမှုန်းပေးဖို့လည်း ပြည်သူတွေက တောင်းဆိုနေကြပါတယ်။ အကြမ်းဖက်သမားများ အမြန်ဆုံး ကျဆုံးပါစေ။