ဇောင်းတူကျေးရွာတွင် အိမ်ခြေအချို့ရေနစ်မြုပ်

ပဲခူးတိုင်း ၊ဇောင်းတူကျေးရွာတစ်ဖက်ကမ်း၊ ပဲခူးမြစ်ဘေးရှိလက်ပံကျေးရွာလက်ပံကျေးရွာ၊ကမ်းနားတစ်လျှောက် နှင့် ကွက်သစ်ဘက်ရှိ နေအိမ် (၄၀) လုံးခန့် ရေနစ်မြုပ်လျက်ရှိပြီးရေနစ်မြုပ်သွားသည့် နေအိမ်များမှ အိမ်ထောင်စု(၅၁)စု၊ လူဦးရေ (၂၂၅)ဦးသည် အလကခွဲ(လက်ပံ)နှင့် သာယာကုန်းကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့၌ ယာယီနေထိုင်လျက်ရှိကြောင်းသတင်းရရှိသည်။ အဆိုပါ နေရများသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ပြီး ကူညီဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။