အရပ်ဖက်အဆောက်အဦးရှိ ရန်သူမှပစ်ခတ်လာပါကစစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်မည်

“စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်။ တပ်ဘက် ကနေ ဘယ်လောက်ကျ ဆုံးတယ်ဆိုတာမျိုးတွေထုတ်လွှင့်နေတာရှိပါတယ်။အာ့သတင်းထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးဘဲ ဖြစ်ပါတယ်။မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာဘယ်လောက်အထိKIA -PDFအဖွဲ့များသေဆုံးဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့အသိဆုံးဘဲဖြစ်ပါတယ်။နောက်တစ်ခုကကျောက်မဲမှာနိုဝင်ဘာ၂၇ရက်နေ့အဝေးပြေးလမ်းမမှာရှိတဲ့Toll Gateအနီးတစ်ဝိုက်မှာထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။အာ့မှာတော့TNLA MNDAAပူးပေါင်းအဖွဲ့က ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ကျောက်မဲမှာနေတဲ့ဒေသခံတွေအနေနဲ့အဲ့ဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှမြို့ထဲကိုပြန်လာတဲ့အခါအပုပ်နံ့တွေရလို့လိုက်လံရှာဖွေတဲ့အခါမှာတရုတ်သင်္ချိုင်းအနီးသေဆုံးနေတဲ့TNLA၊KIA၊MNDAA၊PDFတံဆိပ်ပါတဲ့အလောင်းပေါင်းမြောက်များစွာတွေ့ရှိခဲ့ရပါတယ်။မြို့နယ်လူထုနဲ့လုံခြုံရေးတပ်ဖွဲ့များပူးပေါင်းရှင်းလင်းခဲ့ရပါတယ်။ဒါ့အပြင် မောင်ဖုန်းတောင်အဆင်းလမ်းမှာလည်းဒီအတိုင်းပစ်ချခဲ့တဲ့အခုနအဖွဲ့ယူနီဖောင်းပါတဲ့အလောင်းတွေတွေ့ခဲ့ရပါတယ်။ဒါတွေကို ကျွန်တော်တို့ရှင်းလင်းရေးဆောင်ရွက်နေပါတယ်။ဒါနဲ့ပါတ် သက်ပြီးပြောချင်တာကတော့ပြည်ပမှာနေထိုင်နေတဲ့တိုင်းဖျက်ပြည်ဖျက်ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပကနေပြီးအသံကောင်းဟစ်နေတဲ့တိုင်းဖျက်ပြည်ဖျက်အနောက်အားကိုးမီဒီယာများရဲ့မြှောက်ပင့်မှု၊ကောလဟလတွေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာသေဆုံးရတဲ့သူမနည်းပါဘူး။ပြောခဲ့သလိုပါဘဲဒီသေဆုံးရတဲ့သူတွေဟာမြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။တပ်မတော်ဘက်ကဘဲကျဆုံးသည်ဖြစ်စေ၊ရန်သူဘက်ကသေဆုံးသည်ဖြစ်စေ။မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံသည်လွတ်လပ်ရေးရပြီးကတည်းကပြည်တွင်းသောင်းကျန်းမှုနဲ့ကြုံတွေ့ခဲ့ရပြီးတိုင်းပြည်ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးခဲ့ရပါဘူး။ခုအချိန်မှာလည်းဒီဝဲဂယက်ထဲမှာဘဲ ရှိနေတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။ဒါတွေကိုယခင်ကတည်းကကျွန်တော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံတွေကဦးစီးပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုချိန်မှာလည်းသူတို့ဘဲဦးစီးပြီးလုပ်ဆောင်၊ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့ပြည်သူလူထုတစ်ရပ်လုံးကသတိရှိရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်

နိုဝင်ဘာ၃၀ ရက်တွင်နမ့်ခမ်း၊ ၁၀၅မိုင်မူဆယ်၊တာမိုးညှဲဘက်၊ကယားပြည်နယ်လွိုင်ကော်၊ရခိုင်ပြည်နယ်ပေါက်တောအထက်တန်းကျောင်းအနီးတို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်

“ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ကတော့နမ့်ခမ်း၊ ၁၀၅ မိုင်မူဆယ်၊ တာမိုးညှဲဘက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။တာမိုးညှဲနဲ့နမ့်ခမ်းမှာတော့ရန်သူထိခိုက်ကျဆုံးမှုများပြားတယ်ဆိုတာသိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့လွိုင်ကော်အထကကျောင်းအနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာပေါက်တော အထက်တန်းကျောင်းနားထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ဒီရန်သူ အနေနဲ့ပြည်သူပိုင်အဆောက်အအုံတွေ၊ပညာရေး၊ကျန်းမာရေးအဆောက်အအုံတွေကိုအကာအကွယ်ယူပြီးတော့တပ်မတော်ကိုတိုက်ခိုက်တာတွေ၊ပစ်ခတ်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။တပ်မတော်က တိုက် ခိုက်ပစ်ခတ်လို့ရှိရင်ကျောင်းကိုပစ်ခတ်တယ်၊ဆေးရုံကိုပစ်ခတ်တယ်ဆိုတဲ့ ကောလဟလသတင်းတွေ၊မဟုတ်မမှန်သတင်းတွေ၊လုပ်ကြံသတင်းတွေဖန်တီးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။စစ်ရေးဆိုင်ရာအခြေအနေနဲ့ဥပဒေတွေအရကျွန်တော်တို့အနေနဲ့အရပ်ဘက်အဆောက်အအုံတစ်ခုလို့သတ်မှတ်ထားတဲ့နေရာ၊ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူကကိုယ့်ကိုယ်မပစ်ခတ်မခြင်းအရပ်ဘက်အဆောက်အအုံပါပဲ။ရန်သူကကိုယ့် ကိုဒီဟာပေါ်မှာမူတည်ပြီးပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ်ပြောင်းလဲ သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားထားပါတယ်