စစ်ကိုင်းမြို့နယ်၌ အကြမ်းဖက် သမား ၇ ဦး အရှင်ဖမ်းဆီး

ဇွန်လ ၂ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ တောအတွင်းသို့ ရောက်ရှိသော အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲများက သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမား ၇ ဦးအားအရှင်ဖမ်းဆီးရမိခဲ့ပြီး လက်လုပ်ပစ္စတိုသေနတ် ၄ လက်၊ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း ၆ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ဖုန်း ၈ လုံး၊ ၁၂ ဗို့ဘတ္ထရီ ၁ လုံး၊ ဆေးပစ္စည်းမျိုးစုံ ၁ ဖာနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။