တပ်မတော်ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဇွန်လ ၂ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက သွားရောက်ကြည့်ရှု၍ အသက် (၂)နှစ်အောက် ကလေးငယ်များကို (၅)မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံနေမှုအခြေအနေများ၊ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်းသိရပါတယ်။