KNLA နှင့် PDF များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ခရိုင်ရဲတပ်ဖွဲမှူးရုံးအား ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် KNLA တပ်မဟာ(၆) နှင့် PDF များက ခရိုင်ရဲတပ်ဖွဲမှူးရုံး၏ အရှေ့တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ ရပ်ကွက်အတွင်းမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ ကြဲချခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ ဇေတဝန် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။