မြန်အောင် PDF စခန်းအားရှင်းလင်း

ဇွန်လ ၂ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ဘန့်ဘွေးကုန်းကျေးရွာအနောက်ဘက် မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းရှိ PDF စခန်းကို လုံခြုံရေးအဖွဲက သွားရောက်ရှင်းလင်းခဲ့ရာ လက်လုပ်သေနတ် ၉ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ဗုံးသီး ၂၃ လုံး၊ စကားပြောစက် ၁ လုံး၊ တူမီးသေနတ် ၁၈ လက်၊ လက်လုပ်သေနတ်ပြောင်း ၂၃ ခု၊ တူမီးသေနတ်(သစ်သားကိုယ်ထည်) ၁၈ ခု၊ ရှော့တိုက်ဗုံးသီးခွံ ၆ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်အသံမိုင်း ၁၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။