၅ ရက်အတွင်းကျောင်းအပ်နှံသူ ၁၇ သန်းကျော်ပြီ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၁၇) သန်းကျော် (၁၇၈၆၇၂၆၄) ဦး လာရောက်၍ ကျောင်းအပ်နှံခဲ့ကြကြောင်း သိရပါတယ်။ ကျောင်းအပ်သည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရပါတယ်။