တီးတိန်မြို့ရှိ အထက်တန်းကျောင်း(ခွဲ)အား PDF အကြမ်းဖက်များမှ မိုင်းထောင်ဖောက်ခွဲ

ချင်းပြည်နယ်၊ တီးတိန်မြိုရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(မြိုမ)တွင် အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသော ကလေးသူငယ်များ အထိတ်တလန့်ဖြစ်စေရန် ကျောင်းဝင်ပေါက်အနီး၌ PDF အကြမ်းဖက် သမားများက ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် လက်လုပ်ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အဦနှင့် ကျောင်းသား၊ ကျောင်းသူများ ပျက်စီး/ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရပါတယ်။