တော်လှန်ရေးအကြောင်းပြ PDF များ၏ မူးယစ်ဆေးဝါးရောင်းဝယ်မှု

မုံရွာမြို့နယ် ညောင်ပင်ရွာသစ်ဖြစ်စဉ်က PDF တွေရဲ့ လူဖမ်းပြန်ပေးစွဲမှုနဲ့မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို ဖော်ထုတ်လိုက်နိုင်လို့ NUG အဖွဲ့အတွက် အထိနာစေပါတယ်။

နွေဦးတော်လှန်ရေးခေါင်းစဉ်လှလှလေးပေးပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လက်နက်ကိုင်ပါတယ်ဆိုတဲ့ NUG အဖွဲ့ရဲ့ အစီအမံအောက်မှာ Local PDF တွေရဲ့ ထင်ရာစိုင်းအကြမ်းဖက်လုပ်ရပ်တွေကြောင့် မအောင်မြင်တဲ့ နွေဦးတော်လှန်ရေးကို ဒီမူးယစ်ဆေးဝါးဖြစ်စဥ်က ပုံရိပ်ကို ပိုမိုပျက်ပြားစေပါတယ်။

ယခုဖြစ်စဉ်ကြောင့် PDF တွေဟာ ပြည်သူအပေါ် လက်နက်အားကိုးနဲ့ ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ ပြန်ပေးမှုတွေကို လက်ရဲဇက်ရဲလုပ်နေသလို ငွေကြေးအကျိုးအမြတ်ရလွယ်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကိုပါ လုပ်ကိုင်နေကြတာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်။

ဒီဖြစ်စဉ်အပေါ် NUG အဖွဲ့က တာဝန်ခံမှာမဟုတ်သလို ဒီလိုဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ PDF အဖွဲ့ကလည်း ဝန်ခံမှာမဟုတ်ပါဘူး၊ ဒါပေမဲ့လည်း သက်သေအထောက်အထားနဲ့ လက်ပူးလက်ကြပ်မိခဲ့လို့ NUG၊ PDF အဖွဲ့တွေရဲ့ တော်လှန်ရေးအကြောင်းပြ ပြန်ပေးဆွဲ မူးယစ်ကုန်သွယ်လုပ်ငန်းများကို ပြည်သူတွေကတော့ ပိုမိုသိရှိသွားပြီ ဖြစ်ပါတယ်။