ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းအမှတ်စဉ်(၃) ရဲ့ အလှူ

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း အမှတ်စဉ်(၃) ကျောင်းဆင်းအရာရှိများမှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) သို့ သွားရောက်ပြီး စစ်မြေပြင်တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးဝါးတက်ရောက်ကုသနေသည့် တပ်မတော်သားများအား ဆေးရုံတက်ရောက်နေစဉ်လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် တပ်မတော်သားများ၏ လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုအလှူငွေများပေးအပ်ခဲ့ပြီး ဆေးပစ္စည်းအချို့ကိုလည်း လှူဒန်းခဲ့ကြောင်း သိရှိရပါတယ်။ လေးစားဂုဏ်ယူပါတယ် အမှတ်စဉ်(၃)ရေ…ထပ်တူဝမ်းသာပီတီဖြစ်ရပါတယ်။ တပ်မတော်သားအားလုံးရဲ့ နောက်မှာ….ငါတို့အားလုံးရှိနေတယ်။