နေပြည်တော်အမျိုးသားရေးအဖွဲ့ ၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ ။ ။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်

ရှမ်းပြည် (မြောက်ပိုင်း)တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှစ၍ MNDAA, TNLA, AA လက်နက်ကိုင် သောင်းကျန်းသူများက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြရာ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင် သော အများပြည်သူ အသုံးပြုနေသည့် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ လျှပ်စစ်ဓာတ်အားပေးရုံများကို ဖျက်ဆီးခြင်းများအပြင် ဒေသခံပြည်သူလူထုအကြား လူမျိုးရေးပဋိပက္ခဖန်တီးသည့် လုပ်ရပ်များ လုပ် ဆောင်လာသည်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးလည်မသုဉ် ကာကွယ်စောင့် ရှောက်ရန် တာဝန်ယူထားသည့် အစိုးရတစ်ရပ်အနေဖြင့် လက်နက်ကိုင်သောင်းကျန်းသူများက တိုင်းရင်း သား စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများအပေါ် ကိုင်တွယ်ဆောင် ရွက်နေသည့် အခြေအနေမှာ လွန်စွာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိလာနေသည်ဟု ရှုမြင်ပါသည်။

တိုင်းပြည်၏ လက်ရှိအခြေအနေသည် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များစွာကျရောက်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများ၊ အဖွဲ့များအစည်းများ၏ ကူညီထောက်ပံ့မှုများကို ရယူ၍ ပြည်တွင်းရှိ လက်နက်ကိုင်သောင်း ကျန်းသူများက စီးပွားရှာနေကြသည့်အချိန်တွင် အစိုးရနှင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူ များသည် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအပေါ် မှန်ကန်စွာ သိရှိနားလည်ပြီး လက်တွဲဆောင်ရွက်ရန် အထူးလိုအပ်နေသည့် ကာလဖြစ်ပါသည်။

ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုကို ရယူ၍ တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက် အောင် လုပ်ဆောင်နေသော လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ၊ လက်နက်ကိုင်သောင်းကျန်းသူများကို ကူညီပံ့ပိုးပေးနေသော ပြည်ပနိုင်ငံများအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချသည်။

တည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်သူများ စိုးရိမ်သောက ဖြစ်စေ ရန် ပြည်ဖျက်မီဒီယာများက လုပ်ကြံသတင်းများ ဖန်တီးရေးသားဖြန့်ဝေနေသည့်အပေါ် နိုင်ငံတော်အစိုးရ အနေဖြင့် ဖြစ်ပေါ်လျက်ရှိသော အခြေအနေမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးရန်နှင့် တည်ငြိမ် အေးချမ်းရေးအတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို အချိန်နှင့်တပြေးညီ တိကျမှန်ကန် ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းတောင်းဆိုသည်။

နေပြည်တော် အမျိုးသားရေးအဖွဲ့