ဇန်နဝါရီလ ၅ ရက်နေ့ တိုက်ပွဲသတင်းများ

(၁) မနက် ၅ နာရီချိန်ခန့်နှင့် နေ့လယ် ၁၂ နာရီချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီတပ်နယ်နေရာသို့ MNDAA သကသ ၂၀၀ ခန့်သည် Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၂) မနက် ၉ နာရီချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာရှိ တပ်ရင်းဌာနချုပ်အား KIA သကသ ၃၀ ဦးခန့်တို့သည် လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

(၃) ညနေ ၄ နာရီချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ တပ်စခန်းအား TNLA သကသ ၁၀၀ ဦးခန့်သည် လက်နက်ကြီးများဖြင့် အဝေးမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

(၄) နေ့လယ် ၁၂ နာရီခန့်တွင် တနင်္သာရီတိုင်း၊ ရေဖြူရွာအနီးတွင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သူ ၈၀ ဦးတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း သေနတ် ၅ လက်၊ လက်ပစ်ဗုံး/ခဲယမ်များ၊ မိုင်းများ၊ အိုင်ကွန်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

(၅) မွန်းလွဲ ၂ နာရီချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ တင်းမစခန်းအား AA သကသ ၃၀၀ ဦးခန့်က လာရောက် တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း ( AA အလောင်း ၈ လောင်း၊ သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

(၆) မနက် ၆ နာရီချိန်ခန့်တွင် ပဲခူးတိုင်း၊ နတ်သံကွင်းရဲစခန်းအား KNU/PDF ၆၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ၏ သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။