ဇန်နဝါရီလ ၃၀ ရက်နေ့တိုက်ပွဲသတင်းများ

-မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ဝင်းတာပန်စခန်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ ၁ ၊ ရင်း ၂ နှင့် PDF ပူးပေါင်း ၂၀၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၈၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဖြစ်စဉ်အတွင်း KNLA ၂ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၂ လုံး သိမ်းဆည်းရမိခဲ့။

-တနင်္သာရီတိုင်း မြိတ်မြို့နယ် မီးလောင်းချောင်း ကျေးရွာရှိ လုံခြုံရေးစခန်းသို့ နေရာ ၃ နေရာမှ အကြမ်းဖက် ၁၅၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များနှင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း မိမိစစ်သည် ၁ ဦး ဒဏ်ရာရ၊ ပြည်သူ့စစ် ၂ ဦးကျ၊ ၁ ဦး ဒဏ်ရာရ။

-တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဝကုန်းကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်းသတင်းအရ သွားရောက်နယ်မြေရှင်းလင်းစည် ကျေးရွာမြောက်ဘက်သို့ အရောက် အကြမ်းဖက် ၂၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများထံမှ ၄၀ မမ လက်လုပ်ဗုံးသီး ၅ လုံးသိမ်းဆည်းရမိခဲ့။

-ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခမရ(၃၇၄) ရင်းဌာနချုပ်သို့ နေရာ ၃ နေရာမှ AA သောင်းကျန်းသူ ၃၃၀ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့၊ အမှတ်(၈) ရပ်ကွက်၊ ကမ္မလမ်းဆုံသို့ PDF ၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံး သိမ်းဆည်းရမိခဲ့။

-စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် ရွာ၏ အနောက်မြောက်ဘက်သို့အရောက် PDF ၂၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်စဉ်အတွင်း PDF ၁ လောင်း ရရှိခဲ့။

-ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ အရှေ့မြောက်ဘက်ရှိ နရွဲပင်တံတားအား KNLA တပ်မဟာ ၃ ၊ ရင်း (၈/၉) နှင့် PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတားမှာ အရှည် ၃၀ ပေ၊ အကျယ် ၂၀ ပေခန့်ပျက်စီးခဲ့ပြီး ရှောင်ကွင်းလမ်း ဖောက်လုပ်ရန် ဆက်လက်ရှင်းလင်းစည် တင့်ဖျက်မိုင်း ၁ လုံးအား တံတား၏ တောင်ဘက် မီတာ ၁၀ ခန့်အကွာတွင် တွေ့ရှိရှင်းလင်းခဲ့။