ဇန်နဝါရီလ ၃၁ ရက် ဆီဆိုင်နောက်ဆုံးရသတင်း

-ဇန် ၃၀ ရက်ညနေပိုင်းမှ စတင်ပြီး ပစ်ခတ်မှုများ ငြိမ်သက်လျက် နှစ်ဖက်တပ်များ ရင်ဆိုင်ထိန်းချုပ်လျက်ရှိ။

-ဇန် ၃၀ ၊ ၃၁ ရက်နေ့များတွင် KNDF ၊ PNDF နှင့် PNLA သကသ အင်အား ၂၀၀ ခန့် ဆီဆိုင် စံကား လမ်းကြောင်းအတိုင်း ဆီဆိုင်မြို့၊ ဘုရားဖြူကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ဘုရားဖြူရပ်အတွင် ဖြန့်ခွဲနေရာယူထား။

-ထီးစခါး-နောင်တော် လမ်းကြောင်းမှတဆင့် KNDF အဖွဲ့များ အင်အားဖြည့်တင်းပြီး ခမရ ၄၂၃၊ ၄၂၄ ကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိ။

-ဇန် ၀၉၃၀ ချိန် ဘန်းယဉ်အုပ်စု ထမ့်ယမ်းရွာဘက်မှ ခွန်စိုင်းဦးစီး PNLA အင်အား ၇၀ ခန့်က ရွာသားပိုင် Canter ၂ စီး ၊ Vigo ၁ စီး၊ ဆိုင်ကယ် ၆ စီး အဓမ္မခေါ်ဆောင်ပြီး ထမ့်ယမ်းရွာမှ နောင်တော်ဘက်သို့ ထွက်ခွာသွားခဲ့။

-မြို့တွင်းမှာရောက်ရှိနေသော KNDF နှင့်PNLA အဖွဲ့များ လေကြောင်းရန် စိုးရိမ်သဖြင့် ရပ်ကွက်များအတွင်းရှိ အိမ်များတွင် နှစ်ယောက်တစ်ဖွဲ့ သူံးယောက်တစ်ဖွဲ့ ဖြန့်ခွဲအခြေပြုနေထိုင်လျက်ရှိ။

-ဇန် ၃၁ ရက်နေ့ မနက်ပိုင်း ဆီဆိုင်မြို့တွင်းမှ စားသောက်ကုန်များအား KNDF အဖွဲ့များ 4Wheel ကားများဖြင့် ထီးစခါးဘက်မှ လွိုင်ကော်ဘက်သို့ သယ်ဆောင်လျက်ရှိ။

-ဇန် ၃၁ ရက်နေ့ ၁၂၀၀ ချိန် ဆီဆိုင်မြို့တွင်း စက်သုံးဆီ ပြတ်လပ်လျက်ရှိပြီး KNDF နှင့် PNLA အဖွဲ့များ စက်သုံးဆီဆိုင်များမှ စက်သုံးဆီများ သိမ်းယူလျက်ရှိ။

တိုက်ပွဲသတင်းစုံ