ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး

နှလုံးသားက လာတာ၊ ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး။

နှလုံးသားက လာတာ၊ ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ။

အကောင်းမြင်စိတ်ဆိုတာ တော်ရုံလူမှာ မရှိနိုင်ဘူး။

စာနာတတ်တဲ့လူမှာပဲရှိတယ်။

အကောင်းမြင်စိတ်လေးမွေးမြူနိုင်ပါစေ။

အချစ်ဆိုတာ ဦးနှောက်ကနေ ဖြစ်တည်တာမဟုတ်ဘူး။ နှလုံးသားကနေ ပေါက်ဖွားလာတာ

ဘဝအတွက်ဆိုရင်တော့ နှလုံးသားနဲ့ ဦးနှောက် ဆတူ စဉ်းစားဆုံးဖြတ်တတ်ပါစေ?

မနာလိုစိတ်ရှိတာ ကိုယ့်ထက်သူသာနေလို့ဖြစ်တာ၊ ကိုယ့်ထက်သူ တော်နေလို့ဖြစ်တာ။

မနာလိုစိတ်တွေ ဖယ်ထုတ်နိုင်ပါစေ။

လူကြားထဲ ထင်ပေါ်ခံချင်တဲ့သူက မရှိတာကို အရှိလုပ်ပြီးကြွားတယ်။

ပညာတတ်ဖြစ်ကြောင်းလည်း ကြွားတယ်။

ဉာဏ်ပညာကြီးတဲ့သူက သိုသိုသိပ်သိပ်နဲ့ ဘဝကိုဖြတ်သန်းတယ်။

အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းနိုင်ပါစေ။

လောဘတွေကြီးလာရင် ရယူသင့်၊ မသင့်၊ လုပ်သင့်၊ မလုပ်သင့်၊

ဖြစ်သင့် မဖြစ်သင့် မစဉ်းစားဘဲ အကုန်လုံးကို လိုချင်လာတယ်။

ကိုယ့်ရှိသလောက်နဲ့ ရောင့်ရဲနိုင်ပါစေ။

လူတစ်ယောက်မှာ ရုပ်လှဖို့ ရုပ်ချောဖို့ထက် စာရိတ္တကောင်းစွာနဲ့ နှလုံးသားဖြူစင်နေရင်

ဘယ်နေရာရာရောက်ရောက် အများကြားခေါင်းမော့နေနိုင်ပါတယ်။

အရာအားလုံးဟာ ခဏတာဆိုတဲ့ သင်္ခါရသဘောတရားကိုလည်း နားလည်နိုင်ပါစေ။

ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ။

Credit to the Original Owner!