ကုန်တင်မီးရထားအား အကြမ်းဖက်သမားများမှ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ကုန်တင်ရထားအား အကြမ်းဖက် KNU+ PDF ပူးပေါင်းအဖွဲ့များမှ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ရာ–

ကုန်တင်မီးရထားမှာ လမ်းချော်သွားခဲ့ပြီး မိုင်းပေါက်မှုကြောင့် မီးရထားခေါင်းတွဲ DF-1367 နှင့် ခေါင်းတွဲနောက်ရှိ y G3HV-405891 G3HV-407391 G3HV-40726 တို့သည် (၂၀)ဒီဂရီခန့် တိမ်းစောင်းနေပြီး မီးရထားအရှေ့ဘက်ခြမ်းသံလမ်း အရှည်(၈)ပေခန့်မှာ ကွေးသွားပြီး အနောက်ဘက်ခြမ်းသံလမ်း အရှည်ပေ(၅၀)ခန့်မှာ အရှေ့ဘက်သို့(၁)ပေခန့် နေရာရွေ့၊ ဇလီဖာတုံး(၆)တုံးခန့် ပျက်စီး၊ ဇလီဖာတုံး(၇၂)တုံးခန့် နေရာရွေ့သွားပြီး မီးရထား ပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်းသိရသည်။ အကြမ်းဖက်များအားဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပါတယ်။