ဗိုလ်တထောင်မြို့နယ် ရေကြောင်းရဲရုံးရှေ့တွင်မသင်္ကာဖွယ် မားမားခေါက်ဆွဲခြောက်ဗူးအတွင်းမှလက် လုပ်ယမ်းများ တွေ့ရှိ

 ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစုရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်း၊ဘဲလေးစားသောက်ဆိုင်အဝင်ပေါက် ရေကြောင်းရဲရုံးရှေ့ အုတ်တံတိုင်းနှင့် ၈ ပေခန့်အကွာ၊ ကမ်းနားကွန်ကရစ်လမ်းဘေး၊ အတားအဆီးများ ပြု လုပ်ထားသည့် ဘယ်ရီဂိတ်များအနီးတွင် ဝါယာကြိုးများပါဗူးအား မသင်္ကာဖွယ် တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
  မသင်္ကာဖွယ်ဗူးအား လုံခြုံရေးအဖွဲက ရှင်းလင်းခဲ့ရာ မားမားခေါက်ဆွဲခြောက်ဗူး ၂ ဗူးဖြစ်ပြီး  ဗူး ၁ ခု အတွင်း၌ လက် လုပ်ယမ်းများပါ အဝိုင်းသံဗူး ၁ ခု၊ ကျန် မားမားဗူးအတွင်း၌ ဆားကစ်ပြား ၁ ခု၊ 9Volt ဓါတ်ခဲ ၁ လုံးတို့အား ဝါယာကြိုးဖြင့် တွဲလျက် မပေါက်ကွဲသေးသည့် လက် လုပ်ဗုံး ၁ လုံးအား တွေ့ရှိခဲ့ကြောင်း၊ ယင်းလက် လုပ်ဗုံးအား တွေ့ရှိသည့်နေရာအနီး ကမ်းနားကွန် ကရစ် လမ်းပေါ်သို ပြောင်းရွှေ့၍ အတားအဆီးများ ပြုလုပ်ကာ ည ၁၀ နာရီ ၂၀ မီးနစ်အချိန်တွင် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။