တပ်မတော်ဘက်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သတင်းအမှားများရေးသား

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၁ ရက်မှ ယနေ့အထိ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရှိရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနက သတင်းတု၊ သတင်းအမှားများ ‌ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန် သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့်ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မ တော်အား အထင် အမြင်လွဲမှား စေရန်အတွက်လည်း နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ် လျှိုလျက်ရှိသည်။

       တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အကြမ်းဖက်သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့် အညီ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorisn Operation)ကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပြီး ယခုတရားမဝင် ပြည်ဖျက် မီဒီယာက ရေးသားထားသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲ တပ်မတော်မှ ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်း သူများသည် တည်ငြိမ်အေး ချမ်းမှုပျက်ပြားစေရန်အတွက် ပြည်သူများနေ ထိုင်ရာမြို့၊ ရွာများကိုရည် ရွယ်ချက်ရှိစွာ လက် နက်ကြီးများဖြင့် ပစ်ခတ် ခြင်းများသာရှိပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

#PAN