ရေဖြူမြို့နယ်တွင် စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်း ဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ တွင် တနင်္သာ ရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေး ရွာအနီးတွင် ရေးမှ ထားဝယ်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသည့် Sinotruk Tipper ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ချက်အရ နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီ တွင် ဖမ်းမိ ကက်တမင်းများ သယ်ဆောင်ရာ၌ ပူး ပေါင်းပါဝင်သူ မနီနီလှိုင်ကို ဘားအံ-မော်လမြိုင် ကားလမ်း၊ ဇာသပြင်တံတားအနီးတွင် Toyota Landcruiser ယာဉ် တစ်စီးနှင့်အတူဆက်လက် သိမ်း ဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေး ကက်တမင်းများကို ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ် ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN