တောင်သာမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်သို့ PDF များက ဝင်ရောက်သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တစ်မိုက်သာကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်သို့ အကြမ်းဖက် PDF များက ယနေ့ မွန်း လွဲပိုင်းတွင် ရောက်ရှိလာပြီး နေအိမ်ဝိုင်းအတွင်း သေနတ်များဖြင့် ပစ်ခတ်ပြီး ပြည်သူ့စစ်အဖွဲ့များအတွက် ထုတ်ပေးထားသော လက်နက်နှင့် ခဲယမ်းများ ယူဆောင်သွားသည်ဟု သိရှိရပါသည်။

       ဖြစ်စဥ်မှာ နိုဝင်ဘာလ ၂၉ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တောင်သာမြို့နယ်၊တစ်မိုက်သာကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးအေး၊၅၁နှစ်၊(ဘ)ဦးဖိုးရှိန်၏ နေအိမ်သို့ အကြမ်းဖက် PDF ၁၀ ဦးသည် ဆိုင်ကယ် ၅စီးဖြင့် သေနတ် အတို/အရှည်များ ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့ကြောင်း၊ ဦးဖိုးအေးမှာ တစ်မိုက်သာကျေးရွာ အထကကျောင်းသို့ သွားရောက်နေစဥ် မရှိသဖြင့် နေအိမ်ဝိုင်းအတွင်းရှိ အောင်နေဗလ၊၂၆နှစ်၊(ဘ)ဦးနေဝင်း နှင့် ဦးဖိုးအေး၏ ဇနီးဖြစ်သူ ဒေါ်ဇာခြည်လင်း၊၄၈နှစ်၊(ဘ)ဦးကြောင်းမောင်တို့အား သေ နတ်ဖြင့် ပစ်ခတ်ကာ ပြည်သူ့စစ်အဖွဲ့ အား ထုတ်ပေးထားသော M-22 ၁လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ကာဘိုင် ၃လက်၊ကျည် ၁၅၀တောင့်၊ ပြောင်းချော ၁လက်၊ကျည် ၁တောင့် တို့အား ယူဆောင်သွားကြောင်း သိရပါသည်။

      အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ် ခတ်မှုကြောင့် အောင်နေဗလ တွင် ဝဲ – နားထင် ဖောက်ဝင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ယာ-မေးစေ့ ဖောက်ဝင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ယာ-လက် ကောက်ဝတ် ဖောက်ဝင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ဝဲ/ယာ ပေါင်တို့တွင် ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့ပြီး ဒေါ်ဇာခြည်လင်း တွင် ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN