ပူတာအိုမြို့နယ်တွင် တပ်မတော်သား ၁၃ ဦး သေဆုံးတယ်ဆိုတဲ့ Khit Thit ရဲ့ သတင်းမှား

မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ပူတာအိုမြို့မှ တပ်မတော်သား ၅၀ ခန့်ဖြင့် ၃ နေရာခွဲပြီး စစ်ကြောင်းထိုးလာရာ ဒန်ဂျာအင် ခေါ်ခ(ချောင်းခြောက်) ရွှေမှော်လမ်းတွင် တစ်ကြိမ်၊ ဝဒတ်ကျေးနှင့် တန်ဂျာကျေးရွာအကြားတွင် တစ်ကြိမ် ၊ ညနေ ၄ နာရီခန့်တွင် တစ်ကြိမ်စုစုပေါင်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၁၉ ရက်နေ့ ပူတာအိုမြို့နယ်၊ လုံရှာယန်နှင့် စွန်ပီယန်အကြားတွင် တပ်မတော်တပ်ဖွဲ့ဝင်များနှင့် KIA/ PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA/ PDF ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုနှင့် ကျည်ဆံအချို့ သိမ်းဆည်းရရှိခဲ့ကာ စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိသောကြောင့် ဆေးကုသရန် ပြန်လည်စေလွှတ်ရာ ကားလမ်းတွင် ကုန်ကားများနှင့် ခရီးသွားကားများကို ဆက်ကြေးကောက်နေသော KIA/ PDF များတွေ့ပြီး ဖမ်းဆီးခံရခြင်းသာ ဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို အမှန်မရေးဘဲ တိုက်ပွဲတွင် KIA/ PDF သေတာကို ဖုံးကွယ်ပြီး စစ်သား ၁၃ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm