မြဝတီမြို့ တိုက်ပွဲအတွင်း အသုံးချခံခဲ့ရသည့် PDF များအနက် အလင်းဝင်လိုသူများရှိနေ

မြဝတီမြို့ တိုက်ပွဲပြီးချိန်တွင် တိုက်ပွဲအတွင်း အသုံးချခံခဲ့ရသည့် PDF လူငယ်များအနက် ပြည်တွင်းသို ပြန်လည်ဝင်ရောက်လိုသူများရှိနေပြီး လက်ခံရန်အဆင့်သင့်ရှိကြောင်းနှင့် အခြားသောတိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲများသို သွား ရောက်သည့် PDF လူငယ်များ ထပ်မံအသုံးချခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက CNI သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြဝတီတိုက်ပွဲပြီးချိန်တွင် KNU အပေါ် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီး PDF အချိုသည်လည်း မြဝတီတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီးမကြေလည်မှုများ ဖြစ်ပေါ်ခဲ့ကာ နှုတ်ထွက်လိုမှု၊ KIA နှင့်ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝင်ရောက်မည်ဆိုသာ သတင်းများထွက်အပေါ်နေမှုအပေါ် တပ်မတော်အနေဖြင့် မည်ကဲ့သို ရှုမြင်သုံးသပ်ကြောင်း မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြဝတီမြို့သိမ်းပေါ့။ သူတိုပြောနေတဲ့ မြဝတီတိုက်ပွဲမှာ PDF တွေ ထိုးကျွေးခံရတယ်။ PDF တွေ အကျအဆုံး၊ အသေအပျောက်၊ ဒဏ်ရာရရှိမှု တော်တော်များတယ်ဆိုတာလည်း သိရပါတယ်။ ဒီ့အတွက်လည်း ကျွန်တော်တိုအနေနဲ့ စိတ်မကောင်းပါဘူး။ ဒါကြောင့်မို ဒါတွေကိုတော့ သမိုင်းသင်ခန်းစာတွေလည်း ရှိပြီးဖြစ်တယ်။ လက်တွေ့သင်ခန်းစာတွေလည်းရှိပြီးဖြစ်တယ်။ ကျွန်တော်တိုလည်း ကြားရပါတယ်။ ဝင်လာချင်တဲ့သူတွေ၊ ပြန်ပြီးတော့ ဝင်လာချင်တဲ့သူတွေရှိတယ်။ တချိုလည်း တခြား EAO အဖွဲတွေဆီ သွားမယ်ဆိုတာတွေရှိတယ်။ ကျွန်တော်ပြောချင်တာကတော့ဗျာ။ EAO အဖွဲတွေကတော့ အတူတူပါပဲ။ သူ့ရည်မှန်းချက်နဲ့ သူ့ရည်ရွယ်ချက်တွေရှိပြီးသားဖြစ်ပါတယ်။ ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် ဘယ်နေရာပဲသွားသွား အသုံးချခံရမှာပဲဖြစ်တယ်လို ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် NUG၊ CRPH အကြမ်းဖက်အဖွဲများနှင့် ပြည်တွင်းပြည်ပရှိ အကြမ်းဖက်များ ၏ သွေးထိုးလှုတော်မှုများကြောင့် ပြည်ပနိုင်ငံများနှင့် EAO အဖွဲများထံ ရောက်ရှိနေသည့် ကျောင်းသား/ကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်းများ မိမိနေရပ်ဒေသအသီးသီးသို ပြန်လည်ဝင်ရောက်လိုပါက ပြည်ပရောက် မြန်မာနိုင်ငံသားများ သံရုံး၊ ကောင် စစ်ဝန်ရုံးများနှင့် EAO အဖွဲများထံ ရောက်ရှိနေသာ PDF များ သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်၊ တိုင်းဒေသကြီးများသို ဆက်သွယ်၍ ပြန်လည်ဝင်ရောက်နိုင်ကြောင်း နေ့စဉ် နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် အသိပေးထားပြီးဖြစ်သည်။

သိုသော်လည်း အချိုသောတိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲများက မိမိနေရပ်ဒေသသို ပြန်လည်ဝင်ရောက်လိုသော လူငယ်များ အဆိုပါသတင်းများသိရှိပြီး ဆက်သွယ်ဆောင်နိုင်ခြင်းမရှိအောင် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် မြန်မာ့အသံ၊ မြဝတီနှင့် အသံလွှင့်ဌာနများ၏ သတင်းကိုနားထောင်လျှင် သူလျှို၊ ဒလန်ဟုသတ်မှတ်ကာ အရေးယူဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အချို့သော PDF၊ အချို့သော EAO အဖွဲထဲမှာ ရောက်နေတဲ့သူတွေထဲက အလင်းဝင်လာတဲ့သူတွေရှိတယ်။ သူတိုကို မေးကြည့်တဲ့အခါမှာ မြန်မာ့အသံ၊ မြဝတီတို့ နဲ့ ပတ်သက်တဲ့ဟာတွေ မြန်မာသတင်းဌာနတွေနဲ့ ပတ်သက်တဲ့ဟာတွေ ကြည့်လိုမရဘူး။ ကြည့်ရင်တောင်မှပဲ အထဲမှာ သူလျှို ၊ ဒလန်လို့ သတ်မှတ်လို့ အန္တရာယ်များတယ်လို့ ရှိပြီးသားဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။