အလုပ်ပေးမယ် လိမ်ခေါ်ပြီး စစ်သားသစ်စုတဲ့ KIA

ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA များမှ နာဂလူငယ်များကို ရွှေမှော်တွင် အလုပ်ပေးမည်ဟုလိမ်ခေါ်ကာ အဓမ္မဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်းသိရပါ

ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA များသည် နာဂလူမျိုးများအပေါ် မိမိတို့၏စိတ်ဆန္ဒအရ ပါဝင်လိုခြင်းမရှိသည့် ဥပဒေမဲ့လုပ်ရပ်များဖြစ်သော အိမ်ထဲထိ ဝင်ရောက်ပြီး ရိုက်နှက် နှိပ်စက်ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ နာဂလူငယ်များကို အိမ်အထိတက်ကာ အတင်းအဓမ္မ ဖမ်းဆီးနေကြခြင်းနှင့်အတူ KIA တွင် စစ်မှုမထမ်းလိုလျှင် ကချင်ပြည်နယ်တွင်မနေရန်ပင်မောင်းထုတ်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်၌ ရှင်ဗွေယန်မြို့နယ်တွင်းရှိ ကျေးရွာအချို့တွင် KIA က နာဂနေအိမ်သို့ တစ်အိမ်တက်ဆင်း လူငယ်များကို ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် အကြမ်းဖက်သောင်းကျန်းသူ KIA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း၌ KIA မှနာဂ လူငယ်အများအပြားကို သုံးစွဲနေပြီး KIA က ဖမ်းဆီးသွားသည့် နာဂလူငယ်များကို ကချင်နာမည်ပေးကာ နာဂလူမျိုးစုကို ပပျောက်အောင် လုပ်နေသည်ဟု ဒေသခံများမှ ပြောသည်။

၂၀၂၂ ခုနစ် ကတည်းကပင် နာဂလူငယ်များကို KIAမှ အတင်းအဓမ္မဖမ်းဆီးကာ တပ်သားသစ်စုဆောင်ခြင်းခံနေရသည့်အပြင် နာဂလူငယ်များ​ကိုအကြမ်းဖက်သောင်းကျန်းသူ ကချင် KIAတို့က အဓမ္မဖမ်းဆီးလာသော နာဂလူငယ်များကို ၎င်းတို့၏ လိုင်ဇာစစ်သင်တန်းကျောင်းသို့ရောက်လျှင် နာဂတိုင်းရင်းသားအမည်ရင်းကို ဖျက်ကာ ကချင်နာမည်အသစ်ဖြစ် ပြောင်းလဲ ယခင်ကတည်းက ဆောင်ရွက်ခဲ့ခြင်း​​​​ဖြစ် နာဂတိုင်းရင်းသားများထံက သိရသည်။

#PAN