နတ်သံကွင်းတိုက်ပွဲသတင်း

ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၄ နာရီခန့်တွင် ပဲခူးတိုင်း၊ ပဲနွယ်ကုန်း-နတ်သံကွင်းကြား နေရာတွင် နယ်မြေရှင်းလင်းလျက်ရှိသော လုံခြုံရေးအဖွဲ့များနှင့် KNU/PDF ၁၈၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ..

M-4 သေနတ် ၁ လက် သိမ်းဆည်းရမိပြီး မိမိဘက်မှ စစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး…

အလားတူ မနက် ၆ နာရီခန့်တွင် ပဲခူးတိုင်း၊ နတ်သံကွင်းနယ်မြေရဲစခန်းသို့ KNU/PDF ၆၀ ဦးခန့်သည် Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခဲ့ရာ –

(၁) Type-81 သေနတ် ၂ လက်
(၂) M-16 သေနတ် ၁ လက်
(၃) ပစ္စတို ၁ လက် တို့အား သိမ်းဆည်းရမိပြီး စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။