အမြန်လမ်းမှာ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းကိုဝင်ရောက်တိုက်မိခဲ့ရာမှ ယာဥ်မောင်းသေဆုံး

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှ်ိ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဇန်နဝါရီ ၅ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်က အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းသစ်ပင်များကို ဝင်ရောက်တိုက်မိခဲ့ရာမှ ယာဥ်မောင်းသေဆုံးသွားကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သ်ိရသည်။

ယင်းဖြစ်စဥ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၈၄/၄)နှင့် (၁၈၄/၅)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ အမျိုးသားတစ်ဦးတည်းမောင်းနှင်လာသော KLUGER အမျိုးအစားအဖြူရောင်ယာဥ်မှာ အခင်းဖြစ်နေရာအရောက်၌ အရှိန်လွန်ကာ လမ်းလယ်ကျွန်းသစ်ပင်များကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်ဖြစ်ပွားရာသို့ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းရဲစခန်းတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ပေးခဲ့ပြီး ယာဥ်မောင်းအမျိုးသားကို နေပြည်တော် (ကုတင် ၁၀၀၀) ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း လမ်းခရီး၌ပင် သေဆုံးသွားခဲ့သဖြင့် အဆိုပါ သေဆုံးသူ၏ အမည်နေရပ်သိရှိနိုင်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။