ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၀၈၁၀ နာရီတွင် ဘုတလင်မြို့၊ မြဝတီရပ်ကွက်၊ မြို့နယ်စည်ပင်ဈေးအတွင်း၌ မမစ(ဘုတလင်)မှ ရဲဒုတက ကျော်ကိုကိုခန့်သည် (လက်နက်မဲ့)ဖြင့် သတင်းရယူရေးဆောင်ရွက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရဲဒုတက ကျော်ကိုကိုခန့်တွင် ဝဲချိုင်းအောက်၊ ဝဲလက်ပြင်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာတို့ ရရှိခဲ့သဖြင့် မမစ(ဘုတလင်)သို့ ပို့ဆောင်ခဲ့ရာ ၀၈၄၅ နာရီတွင် ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၇၂၅ နာရီတွင် မြိုင်မြို့နယ်၊ ကန်နီကျေးရွာ အထက(ခွဲ)၌ အခြေပြု၍ လုံခြုံရေးဆောင်ရွက်နေသော ခလရ(၂၅၈)မှ ဗက အောင်ရဲကျော် ဦးစီး ပူးပေါင်းအဖွဲ့အား PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်းယာဉ် ၂ စင်းဖြင့် Drop Bomb ၄ လုံးအား (၅)ကြိမ်လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် များဖြစ်သည့် ကျော်ရဲအောင်(၃၁)နှစ်တွင် ဝဲလက်မောင်း ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ရွှေထွန်း(၃၄)နှစ်တွင် ယာခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အောင်နိုင်(၄၃)နှစ်တွင် လည်ပင်းညှပ်ရိုး ဗုံးစထိမှန်ဒဏ်ရာ (မစိုး ရိမ်ရ)၊ မောင်ဆွေ(၃၈)နှစ်တွင် ယာလက်ဖျံဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ တင်မိုး(၃၉)နှစ်တွင် ယာခြေသလုံး၊ နောက်ကျော ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျေးရွာသား ဆွေသန်း(၄၂)နှစ်တွင် ယာပေါင်ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၂၀၀၀ နာရီတွင် မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေ၌ လုံခြုံရေးဆောင်ရွက်နေသော ခလရ(၂၅၂)မှ ဗိုလ် ရန်မျိုးအောင် ဦးစီးပူးပေါင်းအဖွဲ့အား PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်းဖြင့် Drop Bomb ပစ်ချခြင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ အခြေပြုနေရာ၏မြောက်ဘက် မီတာ ၃၀ ခန့်အကွာ မြေကွက်လပ်သို့ ၂ လုံး၊ အရှေ့မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ မြေကွက်လပ်ပေါ်သို့ ၆ လုံး၊ လက်နက်စတိုပေါ်သို့ ၂ လုံး၊ အခြေပြုဝန်းအတွင်း မြေကွက်လပ်ပေါ်သို့ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိ ခိုက်မှုမရှိကြောင်းနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု (စိစစ်ဆဲ) ဖြစ်။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၅၃၀ နာရီတွင် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်နေ မိုးစန်းအေး(၄၅)နှစ်သည် နေအိမ်ရှေ့၌ ဈေးရောင်းနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်သေနတ် ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ မိုးစန်းအေးတွင် လည်ပင်း၊ ဝဲရင်အုံ၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း၊ မိုးစန်းအေးသည် အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံအားပေးမှုမရှိသဖြင့် အကြမ်းဖက်အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၂၃၀ နာရီတွင် ကန့်ဘလူမြို့နယ်၊ ပေကုန်း(တောင်)ကျေးရွာနေ ဦးမောင်ဌေး (၄၇)နှစ်အပါ ကျေးရွာနေ ကျား ၂၈ ဦး၊ မ ၇ ဦး၊ ပေါင်း ၃၅ ဦးတို့သည် ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ပဲစဉ်းငုံစိုက်ခင်းများ၌ ပဲစဉ်းငုံသွားရောက်ခုတ်ယူနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် အင်အား ၅၀ ဦးခန့်မှ လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျေးရွာသူ/သား ၃၅ ဦးအား ဖမ်းဆီး၍ ညောင်ကုန်း ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ပေကုန်း(တောင်)ကျေးရွာသည် ပြည်သူ့စစ်ကျေးရွာဖြစ်သဖြင့် ကျေးရွာသူ/သားများအား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၆၀၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကျေးရွာအနီးရှိ ဆည်တော်ကြီးချောင်း၌ (စိစစ်ဆဲ)ကျား ၁ ဦး၏ အလောင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ (စိစစ်ဆဲ) ကျား ၁ ဦး(၄၇)နှစ်ခန့်အား လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်းပြတ်၊ ရင်ဘတ်ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၆၂၀ နာရီတွင် တောင်သာမြို့နယ်၊ ရဘဲကျေးရွာနေ ဦးကံဝင်း(၅၃)နှစ်နှင့် တူမဖြစ်သူ ဌေးဌေးဆွေ (၂၉)နှစ်တို့ ၂ ဦးသည် ကြာပို့ကျေးရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ၎င်းတို့ပိုင် ဇီးတောယာခင်းအတွင်း၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ်ခဲ့ရာ ဦးကံဝင်းတွင် ယာပါး၊ ဝဲမျက်လုံး၊ နှာခေါင်း၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဌေးဌေးဆွေတွင် ရင်အုံကျည် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၂၀၃၀ နာရီတွင် ချောက်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ စက်ကွင်းရပ်နေ ရစဖမှူး အောင်ကိုကိုဝင်း(၄၂)နှစ် နှင့် ဒေါ်သားသား(၄၇)နှစ်တို့ ၂ ဦးသည် “အောင်ရတနာ-၂”စားသောက်ဆိုင်အတွင်း ထိုင်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ အောင်ကိုကိုဝင်းတွင် ယာနားထင်၊ ယာပါးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်သားသားတွင် ယာဝမ်းဗိုက်ကျည် ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၁၀၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ လက်ပံသာ(တလင်းကုန်း)ကျေးရွာ ဆရာတော် ဉူးကုမာရ(ခ) ဉူးဇင်းရွှေမန်း၊ သက်တော်(၄၅)နှစ်၊ ဝါတော် (၂)ဝါအား PDF အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်နေကြောင်း သတင်းအရ အပတ(၂)မှ မှူး မိုးမင်းဦး ဦးစီးပူးပေါင်းအဖွဲ့မှ ဆရာတော်အား ခေါ်ဆောင်ရန် အတွက် ထွက်ခွာလာစဉ် ခေါင်းပိုကျေးရွာနှင့် လက်ပံသာ(တလင်းကုန်း)ကျေးရွာကြားအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး အဖွဲ့မှ ပြန်လည်ပစ်ခတ်၍ ဆက်လက်ထွက်ခွာခဲ့ရာ ၁၅၀၀ နာရီတွင် လက်ပံသာ(တလင်းကုန်း)ကျေးရွာသို့ ရောက်ရှိခဲ့ကာ ဆရာတော်အားခေါ်ဆောင်၍ ပြန်လည်ထွက်ခွာခဲ့ရာ ၁၆၃၀ နာရီတွင် ငါန်းဇွန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ဆရာတော်အား အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ထွေ/အုပ်ရုံး၌ ခေတ္တသီတင်းသုံးစေလျက်ရှိကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၂၂၃၀ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးခေါင်းတိုက်ဘုရား၌ စခတ(၂)မှ ဗက ရဲရင့်သူ ဦးစီးအဖွဲ့အား PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၂ စင်းဖြင့် Drop Bomb ၈ လုံး လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရ။