ရွာငံမြို့နယ်၊ ‌မြစ်ဆုံကျေးရွာဟောင်းအနီး လက်နက်ခဲယမ်းများဖမ်းမိ

ရွာငံမြို့နယ်အတွင်း၌ လက်နက်ခဲယမ်းများအားမြစ်ကမ်း နံဘေးချုံအတွင်း ဝှက်ထားခဲ့ကြောင်း ဖမ်းဆီးရမိတရားခံ‌ အောင်ဆန်းလွင် (မြိုင်မြို့နယ်နေသူ)နှင့် ထိုက်ကြီးတို့၏ ဖော်ထုတ်ချက်အရ မတ်လ ၁၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလိုက်လံရှာ‌ဖွေခဲ့ရာ ရွာငံမြို့နယ် မြစ်ဆုံကျေးရွာဟောင်း ၊ဒေသအခေါ် ခေါင်းကိုက်ကြီးချောင်းဘေး ချုံအတွင်းမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့ပါတယ်…
(က) အမ်(၂၂) –၇ လက်၊
(ခ) အမ်(၂၁) —-၁ လက်၊
(ဂ) အမ်(၁၆) —၃ လက်၊
(ဃ) အမ်(၂၂)ကျည်အိမ် —-၇ ခု၊
(င) ၅ ဒ ၅၆ ကျည် —-၁၀၀၀ တောင့်၊
(စ) ၇ဒ၇၆၂ × ၃၉ကျည်—-၃၀၀တောင့်၊
(ဆ) ၉ မမကျည် —–၆၀၀ တောင့်၊
(ဇ) တရုတ် လက်ပစ်ဗုံး —-၁၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။