ကမ္ဘာ့နိုင်ငံများ စစ်အင်အားသုံးသပ်ချက်မှာ မြန်မာက အဆင့် ၃၈မှာ ဆက်လက်ရပ်တည်

Global Fire Power ၂၀၂၃ အတွက် ကမ္ဘာ့နိုင်ငံများ စစ်အင်အားသုံးသပ်ချက်မှာ မြန်မာက ၂၀၂၂ ကဲ့သိုပင် အဆင့် ၃၈မှာ ဆက်လက်ရပ်တည်နေကြောင်း GFP ၏ ဆန်းစစ်ချက်များအရ သိရှိရပါတယ်။

Global Fire Power (GFP) ရဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများရဲ့ စစ်အင်အားအဆင့်သုံးသပ်ချက်ကို မတ်လအတွင်းထုတ်ပြန်ခဲ့ရာမှာ ကမ္ဘာ့နိုင်ငံ ၁၄၅ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၃၈ နေရာမှာ ဆက်ရှိနေခဲ့ရာ အဆင့်အားဖြင့် ၂၀၂၂ ခုနှစ် သုံးသပ်ချက်ထက် အတက်အကျမရှိဘဲ ဆက်လက် တည်ရှိနေခြင်းဖြစ်ပါတယ်။

Global Fire Power က ၎င်းရဲ့ နှစ်စဉ်အဆင့်သုံးသပ်ချက်ကို လုပ်ဆောင်ရာမှာ အကြောင်းရင်း ၆၀ ကို အခြေခံလျက် စဉ်းစားအကဲဖြတ်မှုပြုခြင်းဖြစ်ပါတယ်။

၎င်းတိုမှာ စစ်ဘက်အင်အားအကြောင်းရင်းများကိုသာ အခြေခံစဉ်းစား၍ အဆင့်သတ်မှတ်ခြင်းမဟုတ်ဘဲ ထောက်ပံ့ပိုဆောင်ရေး၊ ငွေကြေးဆိုင်ရာနှင့် ပထဝီအနေအထားစတာတွေကို အချက်များအပေါ်မှာလည်း ထည့်သွင်းစဉ်းစား၍ သတ်မှတ်ခြင်းဖြစ်ပါတယ်။