ကျိုက်ထိုတွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မတ်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ရေနီမှ မော်လမြိုင်သို့ လင်းလင်းဖြိုး မောင်းနှင်လာသည့် SUPERCUSTOM HIACE မော်တော်ယာဉ်အားသတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မွန်ပြည်နယ်၊ မော်လမြိုင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။