ကလေးမြို့၊ မင်္ဂလာရပ်ကွက်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့လယ် ၁၂ နာရီခန့်တွင် ကလေးမြို့၊ မင်္ဂလာဉယျာဉ် ရပ်ကွက် တွင် လူညွှန့်တုန်းစေမည့် မူးယစ်ဆေးဝါးများ ဝယ်ယူသုံးစွဲနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲဝင်များက ၎င်းရပ်ကွက်ရှိ အောင်ဇော်တင့်(ခ) ဘင်ဂါး၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အောက်ထပ်ရှိ မှန်တင်ခုံယာဘက် အံဆွဲအတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထုတ်၍ အပြာရောင်အိတ်အတွင်းထည့်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ပြား၊ မူးယစ်ဆေးဝါး သုံးဆွဲရာတွင် အသုံးပြုသည့် ခဲပြား အပိုင်း အစ ၂ ခု၊ ပိုက်တပ်လျက် ကော်ဗူး ၁ ဗူး တိုအား တွေ့ရှိ၍ ဖမ်းဆီးခဲ့ပြီး တရားဉပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။