စခန်းဝင်စီးတာခံလိုက်ရတဲ့ စစ်ကိုင်း PDF

ယခုရက်ပိုင်းအတွင်းမှာ တပ်မတော်စစ်ကြောင်းများ အနေနဲ့ PDF များကို ထိထိရောက်ရောက်ချေမှုန်းလာတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို PDF ကျဆုံး/ သေဆုံးမှုများဟာ ပိုမိုများပြားလာနေတာကို လူမှုစာမျက်နှာများတွင်လည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း တိုက်စစ်စီမံချက်တွေ၊ စစ်ရေးလှုပ်ရှားမှုများကို လျှို့ဝှက်လုပ်ဆောင်နေပြီး သတင်းဖျောက်/တပ်ဖျောက် လုပ်ဆောင်နေတာမို့ pdf တွေအနေနဲ့ တပ်မတော်ရဲ့ ရုတ်ချည်း တိုက်ခိုက်မှုတွေကို အလူးအလဲခံနေကြရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ PDF တွေအနေနဲ့ ရွေးချယ်စရာက ဒီလိုပဲ အသေခံနေမလား အလင်းဝင်ရောက်ပြီး နိုင်ငံတော်က ပေးအပ်တဲ့ ချီးမြှင့်ငွေတွေကို ယူပြီး ကောင်းမွန်စာ လုပ်ကိုင်စားသောက်မလားဆိုတာပါပဲ။