ပုသိမ်ကြီးမြို့နယ်၌ အကြမ်းဖက် PDF ၂ ဦးမှ ပြည်သူတစ်ဦးအားသတ်ဖြတ်

ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည် ၁၂၀၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ်၊ ရေထွက်ကျေးရွာနေ
ရာအိမ်မှူး ဦးအောင်ကျော်မြင့် (ဘ) ဦးအေးမောင်၊ ၅၂ နှစ်၊ ဗမာ/ဗုဒ္ဓသည် ပုသိမ်ကြီးမြို၊ မြိုမအုပ်စု၊ သုခမင်္ဂလာ
(၂)ရပ်ကွက်၊ ပုသိမ်ကြီး-ရေထွက်သွားကားလမ်းမဘေး၊ “3V” ဖုန်းအရောင်းဆိုင်တွင် ဖုန်းပြုပြင်ပြီး ဆိုင်ကယ်ဖြင့်
၁ ဦးတည်း ပြန်လာစဉ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ၁
ချက်ပစ်ခတ် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဦးအောင်ကျော်မြင့်တွင် ဝဲရင်အုံကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်
(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။