တရုတ်နိုင်ငံက အိုလံပစ်(အလေးမ)ရွှေ တံဆိပ်ရထားသူ လျူ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ရန် တားမြစ်ခံရ

ဒီဇင်ဘာ ၂၃ရက်က တရုတ်နိုင်ငံက အိုလံပစ် အလေးမ ရွှေတံဆိပ် သုံးကြိမ်ရထားသူ လျူဟာ တားမြစ်ဆေးသုံးထား
ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် သူ့ကို တားမြစ်လိုက်ကြောင်း နိုင်ငံတကာ တားမြစ်ဆေး စစ်ဆေးရေး အေဂျင်စီ
(ITA)က ပြောကြားပါတယ်။
လျူကို အောက်တိုဘာ ၃၀ရက်က ပြိုင်ပွဲပြင်ပ စစ်ဆေးမှု ပြုလုပ်ရာမှာ တားမြစ်ဆေးသုံးထားတယ်လို့ စစ်ဆေး
တွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာ အလေးမ အဖွဲ့ချုပ် (IWF)ရဲ့ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့ကို ကြီးကြပ်ရ
တဲ့ (ITA)က ပြောကြားပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၈၁ကီလိုဂရမ် အလေးမ ချန်ပီယံဆုရခဲ့တဲ့ လျူဟာ အိုလံပစ် အလေးမ
ရွှေတံဆိပ်ဆုရရှိတဲ့ အသက်အကြီးဆုံ အလေးမကစားသမား ဖြစ်လာခဲ့ပါတယ်။