အာရှမူးယစ်ရာဇာ တီစီ ချီလော့ပ်ကို သြစတြေးလျသို့ လွှဲပြောင်း ပို့ဆောင်

ဒီဇင်ဘာ ၂၃ရက်က အာရှတိုက်မှာ ရဲတပ်ဖွဲ့ရဲ့ အလိုအရှိဆုံး မူးယစ်ရာဇာတစ်ယောက် ဖြစ်တဲ့ တီစီ ချီလော့ပ်ကို
သြစတြေးလျ နိုင်ငံသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီး သူဟာ ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ်ရှိနေပါတယ်။
အသက်၆၆နှစ်ရှိဖြစ်တဲ့ ဗြိတိန် -တရုတ်နိုင်ငံသားကို ထိုင်းနိုင်ငံက လွှဲပြောင်းပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တီစီ ချီလော့ပ်ဟာ အာရှ ပစိဖိတ်မှာ ဂျပန်ကနေ နယူးဇီလန်အထိ ကျယ်ပြန့်တဲ့ နိုင်ငံတွေ အများကြီးမှာ ဒေါ်လာ
ဘီလီယံချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကို ဦးဆောင်နေသူ ဖြစ်ပါတယ်။
မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုနဲ့ နှိုင်းယှဉ်ခံရတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ တီစီ ချီလော့ပ်ဟာ ပြီးခဲ့တဲ့
နှစ်က နယ်သာလန်နိုင်ငံက လေဆိပ်တစ်ခုမှာ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။