ထိုင်းမှာ မြန်မာကျောင်းသား တစ်ဦး တိုက်ပေါ်မှ ခုန်ချ

ထိုင်းမှာ မြန်မာကျောင်းသား တစ်ဦး အထပ်မြင့်တိုက်ပေါ်မှ ခုန်ချမှုကြောင့် သေဆုံးသွား တယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ နာမည်ကြီး ပုဂ္ဂလိက တက္ကသိုလ်မှာ ပထမနှစ် တက်ရောက်နေတဲ့ အသက် ၂၁ နှစ် အရွယ်ရှိ မြန်မာ ကျောင်းသား ဖြိုးကျော်နိုင်ဆိုသူသည် ဇန်နဝါရီ ၂၆ ရက်နေ့က သူနေထိုင်တဲ့အခန်းရဲ့ နောက်ဘေးမှ လသာဆောင်တွင် ဖိနပ်တစ်ရံချွတ် ထားကာ အောက်ကို ခုန်ချပြီးနောက် နေရာမှာပင် သေဆုံးသွားတာလို့ သတင်းမှာ ဖော်ပြထားကာ ကျောင်းအမည်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။

သတင်းဖော်ပြထားချက်အရ ယင်းဖြစ်စဉ်ကို ဒေသခံ ရဲစခန်းမှ စစ်ဆေးရေးအရာရှိများ နှင့် မှုခင်းဆေးသိပ္ပံဌာန ဆရာဝန်များ အပါဝင် ပရဟိတ လူမှုကယ်ဆယ်ရေးနှင့်တကွ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ယင်း ကျောင်းသား သည် အထပ်မြင့် ၅ ထပ်တိုက်အခန်း တစ်ခုမှာ တစ်ဦးတည်း နေထိုင်သူဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က မိသားစုတွေထံ စာပို့ပြီး နှုတ်ဆက်စကားပြောဆိုပြီးနောက်မှာ အဆုံးစီရင်တာမျိုး ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိတွင် မြန်မာကျောင်းသားရဲ့ သေမှုသေခင်း ဖြစ်ရပ်မှန် သိရှိရန် CCTV ကင်မရာမှတ်တမ်းမှ ပြန်လည်စစ်ဆေးမှု ဆောင်ရွက်နေပြီး ရုပ်အလောင်းကိုတော့ မှုခင်းဆေးပညာ ဖြင့် ခွဲစိပ်စစ်ဆေးမှု လုပ်ဆောင်ရန် ခွဲစိပ်ခန်းသို့ ပို့ဆောင်ထားတယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။