ပြည်မြို့ နဝဒေးတံတားအောက်တွင် လုယက်မှုဖြစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ်ကွက်၊ နဝဒေးတံတားအောက်တွင် ဇန်နဝါရီလ ၈ ရက်နေ့ ည ၈ နာရီအချိန်၌ လုယက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး (စိုးရိမ်ရ) ဒဏ်ရာများနှင့် အမျိုးသမီးတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာများရခဲ့ကြောင်းသိရသည်။

နဝဒေးတံတားအောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ ခုံတန်းတွင် ပြည်တက္ကသို လ်၌ ဘူမိဗေဒဘာသာရပ်တက် ရောက် လျက်ရှိသည့် တတိယနှစ်ကျောင်းသား ကောင်းထက်ဇော် (၂၂) နှစ်နှင့် ပြည်တက္ကသိုလ်တွင် ဓာတုဗေဒဘာသာရပ်တက် ရောက်လျက်ရှိသည့် မနန်းသိင်္ဂီ (၂၂) နှစ်တို ၂ ဦးသည် ချိန်းတွေ့စကားပြောနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား ၂ ဦးရောက်လာပြီး ဓါးများထိုးခုတ်လုယက် ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကောင်းထက်ဇော်တွင် နောက်စေ့ ပြတ်ရှဒဏ်ရာ (၁) ချက်၊ လည်ပင်း ဓားဖြင့်ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ပုခုံးပြတ်ရှဒဏ်ရာ (၁) ချက်၊ ကျောကုန်းဓားဖြင့်ထိုးသွင်း ဒဏ်ရာ (၁) ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ (၁) ချက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ (၁) ချက်၊ ပေါင်ဓားဖြင့်ထိုးသွင်းဒဏ်ရာ (၁) ချက် [စိုးရိမ်ရ] နှင့် မနန်းသိင်္ဂီတွင် ယာဘက် လက်သန်းနှင့် လက်သကြွယ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။